
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၂၁.၄.၂၀၂၅ရက်နေ့အချိန်၌ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ “မောက်စည်” လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ ကုန်စည် /ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်၏စပ်လျဉ်း၍ စားသုံးသူကတောင်းဆို နိုင်သည့် အခွင့်အရေးများ ၊ ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)