
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအာင် (ခရိုင်ဦးစီးမှူး) သည် ၂၁.၄.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီနားမြို့၊ရမ်ပူရပ်ကွက်ရှိ Lucky မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းမှ လုပ်သား(၁၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး နှင့် စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည် နှင့် ဝန်ဆောင်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူအသုံးပြုရန်၊ အွန်လိုင်းမှတဆင့်ဈေးဝယ်ရာတွင် သတိထားရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင် သို့မဟုတ် ဖုန်းဖြင့်တိုင်ကြားနိုင်ပါကြောင်း၊ ၊ Call Center 1535 သို့လည်း တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
DOCA(ကချင်)