Main menu

ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များ နှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နေ့လည် ၁၇:၀၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ဦးအောင်ဇေယျ(၅)လမ်း ရှိ ကမ်းနားဆိပ်တွင် စုပုံထားသည့် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ‌ဦးညီညီစိုး (အဘ ဦး‌စိုးကြည်) မှတ်ပုံတင်အမှတ် ၇/ရကန(နိုင်)၀၄၉၃၀၅ ပိုင်ဆိုင်သည့် Tyer (8.25-20)Brand:DRC, CO:Vietnam-60UTyer(8.25-16) Brand:DRC, CO:Vietnam-50U၊ Tyer(7.50-16) Brand:DRC, CO: Vietn am-70U၊ Iron Mesh CO:China-4200KgRubber Pipe(6"×16'½) CO:China-1520Kg ခန့်မှန်းတန်ဖိုး ငွေကျပ် (၅၇,၈၂၀,၀၀၀/-)ခန့် ပစ္စည်းများအားတွေ့ရှိသဖြင့် အမှုဖွင့်လှစ်၍ ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)