
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် ၄.၄.၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် မြစ်ကြီနားမြို့၊စက်မှုဇုံရပ်ကွက်ရှိ Lucky မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းမှ လုပ်သား(၁၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် ဦးတင်မောင်ထွန်း (ရုံးအုပ်) က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး (၈)ချက် နှင့်တာဝန်(၄)ချက်၊ ကုန်စည် / ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်း ဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင်သို့မဟုတ်ဖုန်းဖြင့်တိုင်ကြားနိုင်ပါကြောင်း၊ Call Center 1535 သို့လည်း တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
DOCA(ကချင်)