Main menu

ကော့သောင်းမြို့ ပေါ်ရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကော့ သောင်း ခရိုင်ဦးစီးမှူးရုံးသည် ၈.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် ကော့သောင်းမြို့ ပေါ်ရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးရာတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သိုလှောင်ရောင်းချခြင်း ရှိ/မရှိ၊ သတ်တမ်းလွန်ခြင်းရှိ/မရှိ၊ လေဝင်လေထွက်ကောင်းမွန်ခြင်း ရှိ/မရှိ၊ လက်အိတ်နှင့် Mask တပ်ဆင်ထားခြင်းရှိ/မရှိ၊ ဆိုင်အတွင်း အစားအသောက်များစားခြင်း ရှိ/မရှိ စသည်တို့အား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)