
စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကုန်သွယ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀.၅.၂၀၂၅ ရက်နေ့ နံနက် ၁၁:၀၀ အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Mobile Phone၊ ကြိုးဖုန်း၊ Laptop၊ TV အရောင်းဆိုင် များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များအား ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူများအား ရောင်းချရာတွင် မှန်ကန်မှုရှိ/မရှိ စသည်တို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)