စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ် ၊ ဧပြီလ (၂၃) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ ရောင်းချနေသော ဆေးဆိုင်များ၌ ဆေးဝါးများပြတ်လတ်မှု၊ သိုလှောင်ထားခြင်း၊ အဆမတန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများ နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် ဆေးဆိုင်များ၌ ရောင်းချ နေသော အိမ်သုံးဆေးဝါးများသည် ဆေးများပြတ်လပ်မှု မရှိသည့်အပြင် ဆေးဝါးများအား ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း၊ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ၂/၂၀၁၉ ကုန်အညွှန်းအမှတ်အသားပါ အချက်များ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော စာသားများပါ ကိုက်ညီမှုရှိတဲ့ဆေးဝါးများသာ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)