
၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် (၃/၂၀၂၅-၂၀၂၆)MC Meeting အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ ပါသည်။
အစည်းအဝေးတွင် MC ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့မှ ထားဝယ်အထူးစီးပွားရေးဇုန်ရုံး လာရောက်ရင်းနှီးမြှုပ်နှံမည့် ကိစ္စများအားဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ကျန်ရှိသည့် MC အဖွဲ့ဝင်များမှလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ အစည်းအဝေးအား နေ့လည် (၁၂း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)