Main menu

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

  Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍    Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား  မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့် အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှစစ်ဆေးရေးအရာရှိ ဦးမျိုးထွန်းနှင့် ဒေါ်မြင့်မာလာဝင်းတို့သည် (၂၁-၃-၂၀၂၅)၊ (၁၀-၄-၂၀၂၅) ရက်နေ့နှင့် (၁၁-၄-၂၀၂၅)ရက်နေ့တို့တွင် မန္တလေးမြို့ပေါ်ရှိOnline Sale မှတ်ပုံတင် လျှောက်ထား သည့်လုပ်ငန်းများ (၁၉) ခုတို့မှ လျှောက်ထားသည့် ကုန်စည်များဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်း၊အထည်အလိပ်၊အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ယာဉ်အမျိုးမျိုးနှင့့််ဆက်စပ်ပစ္စည်း များ ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံး အဆောင် ပစ္စည်းများ၊အီလက်ထရောနစ်ပစ္စည်းများ၊အခြားသုံးပစ္စည်းများ၊ပညာရေးနှင့်သင်ကြားရေးဝန်ဆောင်မှု၊စာပေနှင့်အနုပညာဝန်ဆောင်မှုလုပ်ငန်း၊စားသောက်ကုန်ပစ္စည်းများ၊  အလှကုန်များနှင့် လူသုံး ကုန်များ စသည့်လုပ်ငန်းများအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊  ဇန်နဝါရီလ (၁) ရက်နေ့မှ(၂၁-၄-၂၀၂၅)ရက်နေ့ အထိ   Online Sale မှတ်ပုံတင်လျှောက်ထားသည့်   မြေပြင်စစ်ဆေးရမည့် လုပ်ငန်း (၁၆၁ )ခုရှိရာ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ ၊ ကလေးအသုံးအဆောင်ပစ္စည်းများ ၊ အထည်အလိပ် ၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ အလှကုန်များ ၊ လူသုံးကုန်များ ၊ လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊စာပေနှင့်အနုပညာ ဝန်ဆောင်မှု လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများ၊ FDAမှ အတည်ပြု ထားသည့် ဆေးဝါးဖြည့်စွက်စာများ၊ အခြားဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အမျိုးမျိုးနှင့့််ဆက်စပ်ပစ္စည်းများ ၊ ကုသရေးသုံးပစ္စည်းများ ရောင်းချသည့်လုပ်ငန်း(၁၄၃)ခုအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက် လျှက်ရှိကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်း များအား ဆက်လက်၍ မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)