
၁၆.၅.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူးတို့သည် သွားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးနှင့် အွန်လိုင်းရောင်းချမှု ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊သားဖွားသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြမိခင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်၊ စားသုံးသူရေး ရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များမေးမြန်းခြင်းနှင့် ပြန်လည်ဖြေ ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)