Main menu

စားအုန်းဆီ လက်လီ၊ လက်ကား ရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၁၄.၅.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အခြားမိတ်ဖက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း၍ စားအုန်းဆီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့အတွက် ပြည်ပမှ စားအုန်းဆီများတင်သွင်းသည့် ကုမ္ပဏီများမှဝယ်ယူ၍ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စားအုန်းဆီလက်လီ၊ လက်ကား ရောင်းချသည့် အောင်ဆန်း (၂) လမ်း၊ ကံ့ကော်ရပ်ကွက်ရှိ “Kaung Hlyan New Asia Co.Ltd” အရောင်းကိုယ်စားလှယ် ဦးဝင်းလွင်ထွန်း စားအုန်းဆီ အရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ကျိုက်ထိုမြို့နယ်အတွင်း လက်ရှိပြင်ပတစ်ပိဿာပေါက်ဈေးနှုန်းထက် ကုမ္ပဏီမှ ရောင်းချပေးသော စားအုန်းဆီလက်ကားရည်ညွှန်းဈေး တစ်ပိဿာ (၇၄၄၄) ကျပ်ဖြစ်သော ကြောင့် စားသုံးသူပြည်သူများအနေဖြင့် ပြင်ပပေါက်ဈေးထက် လျှော့နည်းသက်သာစွာ ဝယ်ယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)