Main menu

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်

Powered by Drupal

    မုဒုံမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ၁၆.၅.၂၀၂၅ ရက်နေ့တွင် သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့သည်။

    ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာပေ ဖတ်ရှုလေ့လာခြင်းသည် ဘဝအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်သောကြောင့် ငယ်ရွယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင် ရမည်ဖြစ်ပါကြောင်း၊ ပြင်ပစာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန် ခွဲခြားတတ် စေရန်၊ အသိပညာ ဗဟုသုတပြည့်စုံ၍ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။

    ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး၊ စားသုံးသူကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ပိုစတာ များ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ သင်တန်းသူ (၃၀) ဦးနှင့် နည်းပြဆရာမများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

DOCA (မွန်)