
၁၀.၄.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်မှ ဝန်ထမ်းများ အရာထမ်း (၈) ဦး၊ အမှုထမ်း (၂၄) ဦးတက်ရောက်ခဲ့ပြီး သထုံခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက သင်္ကြန်ရုံးပိတ်ရက်ပြီးလျှင် ရုံးစဖွင့်သည့်ရက်၌ ဝန်ထမ်း များစုံစုံညီညီ ရုံးတက်ကြရန်၊ လုပ်ငန်းများကို လျာထားချက်ပြည့်မီအောင် တက်ညီလက်ညီ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသို့ သင်္ကြန်ထောက်ပံ့ကြေးပေးရန်၊ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို ပြန်လည်တင်ပြရန်၊ အသစ်ခန့်အပ်သည့် ဝန်ထမ်းများအား Mobile Training ပေးရန်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပြည်နယ် ဦးစီးမှူးက လျာထားချက်များကို ပြည့်မီအောင်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အခက်အခဲများကို တင်ပြကြပြီး ပြည်နယ်ဦးစီးမှူးက ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် Commerce Journal တွင် သတင်း/ဆောင်းပါး ရေးသားဖော်ပြခြင်းခံရသည့်ဝန်ထမ်းများအား ဆုချီးမြှင့်ခဲ့ပြီး ဒါဘာအခမ်းအနားအား နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)