Main menu

ဘားအံမြို့ ဖုန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်နှင့် ဝန်ထမ်းများသည် (၁၉-၅-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  ဖုန်းဆိုင်(၅)ဆိုင်နှင့် ကွန်ပျူတာ (၁)ဆိုင်အား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်များအား ရောင်းချကြရန်နှင့် ကုန်ပစ္စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာထည့်သွင်းထားကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)