
၁၆.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ် အတွင်းရှိ A to Z အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ဘိလပ်မြေ ပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန် အခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ A to Z အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ကျော်လွန်၍ ဈေးနှုန်းမြင့်တက် နေမှုမရှိကြောင်းနှင့် ဘိလပ်မြေလက်ကျန် အပါချီ (ပြည်ညောင်) တံဆိပ် (၁၈၅) အိတ် ကျန်ရှိနေကြောင်း သိရှိရပါသည်။
DOCA (မွန်)