Main menu

Pro 1 အိမ်ဆောက်ပစ္စည်းအရောင်းစင်တာသို့ ဘိလပ်မြေပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၁၆.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ် အတွင်းရှိ  Pro 1 အိမ်ဆောက်ပစ္စည်းအရောင်းစင်တာသို့ ဘိလပ်မြေပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန် အခြေအနေများ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ Pro 1 အိမ်ဆောက်ပစ္စည်းအရောင်းစင်တာသို့ ဘိလပ်မြေ အပါအဝင် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ကျော်လွန်၍ ဈေးနှုန်းမြင့်တက် နေမှုမရှိကြောင်းနှင့် ဘိလပ်မြေလက်ကျန် ကြံ့တစ်ကောင် (အပြာ) (မြိုင်ကလေး) (၁၃၀) အိတ်၊ ကြံ့နှစ်ကောင် (အနီ) (ကျောက်ဆည်) (၁၀၀) အိတ် ကျန်ရှိနေကြောင်း သိရှိရပါသည်။

DOCA (မွန်)