
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးကြီး အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များတွင် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချနေခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့် ပက်သက်၍ ရောင်းချသူ လုပ်ငန်းရှင်များအား စားအုန်းဆီများကို အခြေခံ ရည်ညွှန်းဈေးဖြင့် အများပြည်သူ မြင်သာထင်သာ ရှိသော နေရာများတွင် ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချကြရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အဆိုပါ ဆိုင်များတွင် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။
Doca (ဧရာဝတီ)