Main menu

Lorex အမှတ်တံဆိပ် Video Monitor (ရုပ်မြင်သံကြားစနစ်သုံး စောင့်ကြည့်ကိရိယာ)

Powered by Drupal
Tue, 08/07/2018 - 11:17 -- consumer_admin

           Recall number - 18-177

           Recall Date – 12/6/2018

           အမျိုးအစား - အီလက်ထရောနစ်နှင့်  နည်းပညာပစ္စည်း

           ကုန်ပစ္စည်း - Video Monitor

           တံဆိပ် - Lorex

           မော်ဒန်နံပါတ် - LW2751, LW2752 and LW2962H

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ     

ပုံတွင်ပြထားသော Video Monitor ၏ ဘက်ထရီသည် အပူလွန်ကဲမှုကိုဖြစ်စေနိုင်ပြီး ဘက်ထရီ အဖုံး (battery cover) ကို လည်း ထိခိုက်ပျက်စီး စေနိုင်ကြောင်းဖော်ပြထားပါသည်။

အသိပေးချက်

ယခုအခါ Lorex ကုမ္ပဏီ အနေဖြင့် အဆိုပါ ပစ္စည်း၏ ဘက်ထရီ အပူလွန်ကဲမှု၊ ဖောင်းကြွမှု များဖြစ်ပေါ်လျက်ရှိကြောင်း ရေးသားထားသည့် အစီရင်ခံစာ ၃၂၈ စောင်ကို လည်း လက်ခံရရှိထား ကြောင်းဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အဆိုပါပစ္စည်းအား ဆက်လက် အသုံးမပြုရန် ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများသိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ   - တရုတ်

ထုတ်လုပ်သူ - RDI Technology (Shenzhen) Co. Ltd, of China

တင်သွင်းသူ - FLIR Commercial Systems Inc., of Goleta, Calif

 

Source: United States Consumer Protect Safety Commission

Code: 042016814