Main menu

ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း) အနေဖြင့် ၂၃-၄-၂၀၂၅ ရက်နေ့တွင် အောင်ပန်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင် ၁၃ ဆိုင်အား စစ် ဆေးခဲ့ပြီး ၂၄-၄-၂၀၂၅ ရက်နေ့တွင် အောင်ပန်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင် ၆ ဆိုင်တို့အား ထပ်မံစစ်ဆေးစိစစ်ခြင်း ဆောင်ရွက်မှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဘိလပ်မြေဝယ်ယူသည့်ဈေးနှုန်း၊ သယ်ယူသည့် စရိတ်ရောင်းချသည့် ဈေးနှုန်းကွာဟမှုရှိ/မရှိ စစ်ဆေးပြီး၊ လက်လီ/လက်ကားရောင်းချသည့် အရောင်းဆိုင်များတွင် ကျန်ရှိ သည့်စာရင်းများစစ်ဆေးပြီး၊ ဘိလပ်မြေရောင်းချသည့် လက်လီ/ လက်ကားဆိုင်များတွင် မသမာသော နည်းလမ်းများဖြင့် ဈေးနှုန်းမြင့်တင်ရောင်ချမှုမရှိစေရေး စိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရှမ်း)