Main menu

မြိတ်မြို့၊ စီးပွားရေးဘဏ်တွင် သက်သာစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသော ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ သက်သာသောစျေးနှုန်း ဖြင့် အခြေခံစားသောက်ကုန်များအပါအဝင် စားအုန်းဆီများကို မြန်မာ့စီးပွားရေးဘဏ်တွင် လာရောက် ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ်၊ဧပြီလ (၃)ရက်နေ့တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ စီးပွားရေးဘဏ်ရှေ့တွင် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

  အခြေခံစားသောက်ကုန်များတွင် ဆန်၊ ကြက်ဥ၊ မန်ကျည်းသီး၊ ငရုတ်၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များပါဝင်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)