
(၈.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀)နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးပါ(၅)ဦး၊ ဆီလုပ်ငန်းရှင်များ အသင်းမှ (၄)ဦးတို့ ပူးပေါင်းပါဝင်လျက် ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီလက်ကားဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်ကားကိုယ်စားလှယ်များဖြစ်သော ဦးသန့်စင်မိုး၊ ဦးညီညီထွေး၊ ဦးဇေတို့မှ အောင်ဦးသာ၊ အီကိုဟာမိုနီ၊ GD Good၊ လွင်အောင်ဇော်ကုမ္ပဏီများမှ ရရှိသောခွဲတမ်းများအား လက်လီကိုယ်စားလှယ်များသို့ နေ့စဉ်ဆီကားဝင်ပြီးသည်နှင့် အချိန်နှင့် တပြေးညီခွဲဝေပေးပါ ကြောင်း၊ လက်လီကိုယ်စားလှယ်များအားလည်း သတ်မှတ်ဈေးနှုန်းအပေါ် (၂%)သာ အမြတ်တင်၍ ရောင်းချရန်၊ အလေးချိန်မှန်ကန်စွာ ချိန်တွယ်ပေးရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ လက်ကျန်မထားရှိရန်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ လာရောက် စစ်ဆေးသည့်အခါ အစစ်ဆေးခံ နိုင်ရန် မှတ်တမ်းများထားရှိရန် ဆွေးနွေးပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)