
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ (၃)ဦး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦး၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ (၄)ဦးတို့ ပူးပေါင်း ပါဝင်လျက် ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်ကားကိုယ်စားလှယ်များမှ ရရှိသော လက်လီ ကိုယ်စားလှယ် (၁၆)ဦးအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိမိတို့ရရှိသော ခွဲတမ်းများအား စာအုပ် စနစ်ဖြင့် ရပ်ကွက် အသီးသီးမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သား နှုန်းဖြင့် (၁)ပတ်(၁)ခါ ရောင်းပါကြောင်း၊ ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင် များသို့လည်း အချိုးကျခွဲဝေရောင်းချပေးပါကြောင်း၊ နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၅)နာရီထိ ရောင်းချပေးပါကြောင်း ရောင်းချရာတွင်လည်း မှတ်တမ်း စာအုပ်များထားရှိပါကြောင်း၊ ဆီထုတ်ရက် ကျော်လွန်လျှင်လည်း နောက်နေ့ပြန်လည် ထုတ်ပေး ပါကြောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုအရ သိရှိရပါသည်။
DOCA(ရန်ကုန်)