Main menu

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီ မြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဦးတို့သည် မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်ရှိ စားသုံးသူပြည်သူများအား (၉.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀)နာရီအချိန်တွင် စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

   စားသုံးသူများ အသိပညာတိုးပွားစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီ မြို့နယ် ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူတို့ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူတို့သည် အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အွန်လိုင်း မှတ်ပုံတင်ပြီးသော လုပ်ငန်းများကို စိစစ်၍ ဝယ်ယူကြရန် အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက စားသုံးသူ များအနေဖြင့် ဆက်သွယ်မေးမြန်းတိုင်ကြားလိုပါက Consumer Call Center (1535)ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပြီး ဟောပြော ပွဲသို့ (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)