Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းဘိလပ်မြေအမျိုးအစားအလိုက်ပစ္စည်းပြတ်လပ်ခြင်းများ၊ ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိကွင်းဆင်းစစ်ဆေး ”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူရုံး၏ ညွှန်ကြားချက်မှုနှင့်းအညီ ဈေးကွက်အတွင်း ဘိလပ်မြေ အမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်ခြင်းများ၊ ဈေးနှုန်းကြီးမြင့်မှု ရှိ/မရှိအား တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ ဧပြီလ (၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ နွေ၊ မိုး၊ ဆောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဓနအောင် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်၊ ဗိုလ်ချုပ်လမ်း ပြည်တော်သာရပ်ကွက်ရှိ အကယ်ဒမီ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များရှိ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဘိလပ်မြေအမျိုးအစားအလိုက် ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ် ကြရန်နှင့် ဈေးနှုန်းမှန်မှန်ကန်ကန်ဖြင့် ရောင်းချပေးကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဘိလပ်မြေ အမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှု အခြေအနေနှင့် ဘိလပ်မြေ ပစ္စည်းလက်ကျန်စာရင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)