Main menu

“ ကော့မှူးမြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်များတွင်စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေအားကွင်းဆင်းစစ်ဆေး ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေအား ဧပြီလ(၉)ရက်နေ့၊ ညနေ(၁၅:၃၀) နာရီ အချိန်တွင် စက်သုံးဆီဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှမြို့နယ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ၊ မြို့နယ်လျှပ်စစ်ဦးစီး ဌာနမှမြို့နယ်ဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ် အတွင်းရှိ အဖျောက်ကျေးရွာမှ ရွှေသရဖူ စက်သုံးဆီအရောင်းဆိုင်မှ ဆိုင်တာဝန်ခံ နှင့် တွေ့ဆုံ၍ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ ဆီရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေများအား စစ်ဆေးမေး မြန်းခဲ့ပြီး စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများ မရှိစေရေး၊ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် နွေရာသီပူပြင်းမှုကြောင့် မီးသတ်ဆေးဘူးများအား လုံလုံလောက်လောက် ထပ်မံဖြည့်တင်းထားရှိရန် လိုအပ်ကြောင်း မှာကြားခဲပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)