Main menu

“ သန်လျင်မြို့နယ် Orange Super Market အတွင်းရှိ ဆန်များအားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက် အတွင်းရှိ Orange Super Market အတွင်းရှိဆန်များအား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားမှုနှင့် အညီ ဧပြီလ(၈) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေတို့အား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်ခရိုင်ရုံးမှ ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများသည် Orange Super Market အတွင်းရှိ ရောင်းချနေသော ဆန်များဖြစ်သည့် မြ(ရွှေဘိုပေါ်ဆန်း)၊ ဂွတ်ရှယ်ကောင်း(မြစ်ဝကျွန်းပေါ် ပေါ်ဆန်းမွှေးရှယ်)၊ Golden Brown Rice (ရွှေဆန်လုံးညို)၊ Nursery (ရှမ်းဆန်)နှင့် Value (ရက် ၉၀ ဆန်) စသည့်ဆန်အမျိုးအစားများ ကို (၁ ကီလိုဂရမ်၊ ၂ ကီလိုဂရမ်၊ ၅ ကီလိုဂရမ်)များ ဟူ၍ ထုတ်ပိုး ရောင်းချသောဆန်များကို မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သတ်မှတ်ထားသော သင့်တင့် မျှတသည့် ဆန်ဈေးနှုန်းများထက် ကျော်လွန်ပြီး ရောင်းချ ခြင်း မပြုလုပ်ကြရန်၊ လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ဆိုင်တာဝန်ခံအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)