Main menu

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဇူလိုင်လ (၆.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ရာများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် RAMBUTAN IN SYRUP   ကြက်မောက်သီးအချိုရည်၊ တရုတ်တံဆိပ် ပြောင်းအူချောင်း၊ ထိုင်းတံဆိပ် နို့ခဲချောကလက်နှင့် Doraeman Game ခေါက်ဆွဲခြောက်ဗူး များပေါ်တွင် မြန်မာဘာသာစာသားများဖော်ပြခြင်း မပါရှိဘဲ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရာ၌ RAMBUTAN IN SYRUP  ကြက်မောက်သီးအချိုရည်နှင့်  တရုတ်တံဆိပ် ပြောင်းအူချောင်းများပေါ်တွင် တရုတ်ဘာသာစာသားဖြင့်လည်ကောင်း ထိုင်းတံဆိပ် နို့ခဲချောကလက်နှင့် Doraeman Game ခေါက်ဆွဲခြောက်ဗူးများပေါ်တွင် ထိုင်းဘာသာစာသားဖြင့် လည်ကောင်း ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၄၁) ၊ (၄၃)နှင့် ကိုက်ညီမှုမရှိသည့်အတွက် ၎င်းကုန်စည်များအား ဆက်လက်ရောင်းချခြင်းမပြုရန် တားမြစ်ခဲ့ပြီး ဆိုင်ရှင်အား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ရှမ်း)