
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသောဆိုင်များသို့ ဘိလပ်မြေ၊ သွပ်ပြား၊ သံချောင်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေများအား ဧပြီလ(၇)ရက်နေ့၊ ညနေ (၁၅:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးနှုန်းဈေးကွက် အခြေအနေများ ကွင်းဆင်းစုံစမ်းခဲ့ရာတွင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အနေဖြင့် သုံးခွမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်အောင် မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သောအဖွဲ့ဖြင့် အမှတ်(၃)ရပ်ကွက် ဒို့ဗမာဆန်စက်လမ်းရှိ ရတနာအောင် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်နှင့် အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်းရှိ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ ဘိလပ်မြေ၊ သွပ်ပြား၊ သံချောင်းများ အား ဈေးနှုန်းမြှင့်တင်ရောင်းချထားခြင်း ရှိ/မရှိ၊ မှန်မှန်ကန်ကန်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်း မြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ထားခြင်း ရှိ/မရှိနှင့် ဘိလပ်မြေများ ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိနှင့် ဝယ်ယူဖြန့်ဖြူးရောင်းချမှု အခြေအနေများအား မေးမြန်းစစ်ဆေးခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ပတ်သတ်၍ ဈေးနှုန်းမြှင့် တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)