Main menu

“ တွံတေးမြို့နယ်အတွင်းရှိစည်သွပ်ဘူးအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဈေးကွက်အတွင်းရှိ စည်သွပ်ဘူး အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့အား ဧပြီလ (၈)ရက် နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် တွံတေးမြို့နယ် စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ် တာဝန်ခံတို့ပူးပေါင်း၍ တွံတေးစည်ပင်သာယာဈေး အတွင်းရှိ ကျော်ရဲလင်း ကုန်စုံဆိုင်နှင့် ဒေါ်ဝင်းဝင်းရီ ကုန်စုံဆိုင်တို့ရှိ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံကာ စားသုံးသူ ပြည်သူများအား ဖြန့်ဖြူးရောင်းချလျက်ရှိသော စည်သွပ်ဘူးအမျိုးအမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည့်အချက်များ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်စည်အုပ်စုအလိုက် အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော် ပြချက်၊ သုံးစွဲပုံနည်းလမ်းတို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များ ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပါရန်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)