
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားအုန်းဆီ ကိုယ်စားလှယ်ဆိုင်များသို့ စားသုံးသူပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဧပြီလ (၉)ရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးလင်းမောင်သက် နှင့် အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်များတွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းပေးလျက်ရှိသော ဆီအရောင်း ကိုယ်စားလှယ် ဆိုင်ကြီးများတွင် သုံးခွမြို့နယ်အတွင်း စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက်အခဲ မရှိ လက်ဝယ်အရောက် ဝယ်ယူစားသုံးနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လက်ကားဈေး အား မိမိတို့ဒေသ အရောက် သယ်ယူစရတ်အပါ နှစ်ရာခိုင်နှုန်း အမြတ်ထက်မပိုသော သတ်မှတ် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှန်တကယ် ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊ ဝိသမ လောဘဇောဖြင့် ဈေးနှုန်း ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရားမဝင် သိုလှောင်ထားရှိခြင်းများ၊ မသမာသည့် လုပ်ဆောင်မှုများ မပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်မှု များအား စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)