မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးနေကြာ မျိုးစေ့ထုတ် စိုက်ဧက ၁၃၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဖြစ်ပါသည်။စိုက်ပျိုးသော မျိုးများမှာ စင်ရွှေကြာ (၂)မျိုးနှင့် ရေဆင်း(၁) မျိုးတို့ဖြစ်ပါသည်။ မျိုးစေ့ထုတ်နေကြားများမှာ မေလ မှ အစောစိုက်၍ သြဂုတ်လဆန်းတွင် စတင်ရိတ်သိမ်းသွားမှာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာပေးခြင်း ၊ မျိုးကောင်း မျိုးသန့် ဧရိယာ ကျယ်ပြန့်လာစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထွက်ရှိလာသော မိုးနေကြာ မျိုးစေ့များကို ဒေသအတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများထံ ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်၍ ပိုလျှံမျိုးစေ့များကို တိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးရောင်းချ ပေးမည်ဖြစ်ကြောင်း ၊ တောင်သူအချင်းချင်းမျိုးဖလှယ်ခြင်းများလည်းရှိကြောင်း သိရှိရပါသည်။ မိုးနေကြာ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား တစ်ဧကလျှင် ယူရီးယားမြေသြဇာ အိတ်ဝက်နှုန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း နှင့် တောင်သူများမှာလည်း ယခု အခါ မိုးနေကြာစိုက်ပျိုးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)