Main menu

“ ခရမ်းမြို့နယ်၌စားအုန်းဆီလက်လီ/လက်ကားရောင်းချသောဆီကိုယ်စားလှယ်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ဧပြီလ(၉) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးချစ်ကိုကို၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူး ရောင်းချသော ဆီကိုယ်စားလှယ် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ဆီကိုယ်စားလှယ် ဦးရဲဝင်းကျော် (ကုန်မျိုးစုံဆိုင်)၊ ဦးရဲထွန်း(ကုန်မျိုးစုံဆိုင်) နှင့် ဦးဖြိုးဇော်ထွန်း(ကုန်စုံဆိုင်)များတွင် ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီဈေးနှုန်းသည် သတ်မှတ် ရည်ညွှန်းဈေးအပေါ်တွင်း အမြတ်နှစ်ရာခိုင်နှုန်း သယ်ယူခ၊ တင်/ချ လုပ်သားခ၊ ကဒ်ဖုံးကြေးလုပ် သားခများအပါ ဈေးနှုန်းများဖြင့် ရောင်းချနေမှုရှိ/မရှိနှင့် စားအုန်းဆီများအား စာအုပ်စနစ်ဖြင့် ရောင်းချရာတွင် စားသုံးသူပြည်သူများ လက်ဝယ်သို့ရောက်ရှိမှု ရှိစေရန် ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ပြီး သင်္ကြန်ကာလမတိုင်မီ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချမှုများမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)အရ အရေးယူ မည်ဖြစ်ကြောင်း အသိပညာပေးခဲ့ ကြောင်း သိရသည်။

DOCA(ရန်ကုန်)