
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေး ရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း (၂)ဦး သည် ဗိုလ်တထောင်ခရိုင် ဘိုကလေးဈေး စည်ပင်သာယာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၇.၄.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်တို့ရှိ “အဖွားလက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှု ရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုပြုသည့်အပေါ် ဈေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် HI-Q, READY အမှတ်တံဆိပ် စည်သွပ်ဗူးများ အများဆုံး ရောင်းချ လျှက်ရှိပြီး အဖွားလက်ရာ” အမှတ်တံဆိပ်ပါ(အသားဟင်း/ ငါးဟင်း စည်သွပ် ဗူးများ) ရောင်းချခြင်း မရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက “အဖွားလက်ရာ” ကုန်စည်များကဲ့သို့ ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိသော ကုန်စည်များကို ဝယ်ယူရောင်းချမှု မဖြစ်စေရေး အထူးဂရုပြုအလေးထားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ဗိုလ်တထောင်ဈေးပြင်ပရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်တို့ ရှိ “အဖွား လက်ရာ” အမှတ်တံဆိပ်ပါ ကုန်စည်များ (အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများ)တွင် ရိုက်နှိပ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များသည် စတစ်ကာကပ်၍ ဖော်ပြထား သည့် အညွှန်းဖော်ပြချက်များနှင့် တူညီမှုရှိ/မရှိ၊ ကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)