
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့ နှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချနေမှု ရှိ/မရှိ၊ စက်သုံး ဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများလုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချကာ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးအလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
DOCA(စစ်ကိုင်း)