
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ဈေးကွက်အတွင်း ၉.၄.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီတွင်ကွင်းဆင်း စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် Makro အတွင်း ရောင်းချ နေသော Myat အမှတ်တံဆိပ်(ရွှေဘိုပေါ်ဆန်း)၊ Win အမှတ်တံဆိပ် (ပေါ်ဆန်းမွှေး /တောင်ပြန် ပေါ်ဆန်း)၊ တို့၏ (KG) ဆန်ဈေးနှုန်းများကို စိစစ်ခဲ့ကြပြီး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ကြရန် အသိ ပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)