Main menu

မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံ စိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်းတင်သွင်းရောင်းချခြင်းမရှိစေရန် ရန်ရည်ရွယ်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာမှ ဦးဆောင်၍၊ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှဝန်ထမ်း(၁)ဦး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း  သတင်းရရှိပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းများတွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များအား သိုလှောင်ထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ဆေးနှင့်ဆေးပစ္စည်းများအား တင်သွင်းရောင်းချရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)