
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူးရုံး၏ အစည်းဝေးခန်းမ၌ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှင့် ရပ်ကျေးစာရေးများနှင့် ဧပြီလ (၁၁)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းက (၂၀၂၅)ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဒေသအတွင်း သာယာဝပြောရေးနှင့် စာရေးရိက္ခာ ဖူလုံစေရေး၊ လယ်ယာစိုက်ပျိုးရေး၊ စက်မှုလက်မှု ဝန်ဆောင်မှုကဏ္ဍများ တိုးတက် မြင့်မားစေရေး၊ မိုးစပါး သီးနှံများ အချိန်မီ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်စေရေး၊ စုပေါင်းသစ်ပင် စိုက်ပျိုးနိုင်ရေး စသည့် အချက်များနှင့် (၂၀၂၅)ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး မျက်နှာစာအတန်းတွင် ရေကစားမဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ကြန် အကြိုနေ့တွင် စတုဒီသာဧည့်ခံခြင်း၊ ရေပက်ဖြန်းခြင်းအခမ်းအနားများနှင့် နှစ်ဆန်းတစ်ရက်နေ့ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွဲ ငါးလွှတ်ပွဲအခမ်းအနားများဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့် သင်္ကြန်ကာလဖြစ်သည့် (၁၃.၄.၂၀၂၅)ရက်နေ့မှ (၁၇.၄.၂၀၂၅)ရက်နေ့ အထိ ရေးကစားမဏ္ဍပ်တွင် ရေပတ်ကစားရန်အတွက် လည်းကောင်း၊ စတုဒီသာမဏ္ဍပ်တွင် ကြီးကြပ်ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ အဆိုပါမဏ္ဍပ်တွင် လုံခြုံရေးကိစ္စများအား သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းတာဝန်ချထား ပြီးဖြစ်သောကြောင့် မိမိတို့တာဝန်ကျနေ့ရက်၊ အချိန်များအတိုင်း မပျက်မကွက် တာဝန်ထမ်းဆောင် သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)