Main menu

ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)အနေဖြင့် (၂၃.၄.၂၀၂၅)ရက်နေ့တွင် အောင်ပန်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၁၃)ဆိုင်အားစစ် ဆေးခဲ့ပြီး (၂၄.၄.၂၀၂၅)ရက်နေ့တွင်အောင်ပန်း မြို့ပေါ်ရှိဘိလပ်မြေအရောင်းဆိုင်(၆)ဆိုင် တို့အား ထပ်မံ စစ်ဆေးစိစစ်ခြင်းဆောင်ရွက်မှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် စားသုံးသူရေးရာဦးစီး ဌာနမှဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဘိလပ်မြေ ဝယ်ယူသည့်ဈေးနှုန်း၊သယ်ယူသည့်စရိတ် ရောင်းချသည့် ဈေးနှုန်းကွာဟမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ လက်လီ/လက်ကားရောင်းချသည့် အရောင်းဆိုင်များတွင် ကျန်ရှိသည့်စာရင်းမျာစစ်ဆေးခဲ့ပြီး၊ ဘိလပ်မြေရောင်းချသည့် လက်လီ/ လက်ကားဆိုင်များတွင် မသမာသောနည်းလမ်းများဖြင့် ဈေးနှုန်းမြင့်တင်ရောင်ချမှု မရှိစေရေး စိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)