
ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက် အရ ၉.၄.၂၀၂၅ ရက်နေ့ (၁၀:၀၀ မှ ၁၁:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် မုတ္တမဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော Mv ရွှေစင်လမင်း သင်္ဘော ရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်း ရှိ/မရှိ ၊ လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်း များမရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေး ခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာတွင် (ကော့သောင်းမှ ရန်ကုန် )သို့ ထွက်ခွာလာသည့် သင်္ဘောတွင် ကုန် ပစ္စည်းမျိုးစုံ တန်ချိန် (၇၀၁)တန် ကိုတင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ ရှိပြီး တရားမဝင် ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ ရှိခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းမှားပုံမှန် ဝင်/ထွက်မှုရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)