
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ(၁၉) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်သူ (၁၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ အကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးနှင့် တာဝန်များ ကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု ကိစ္စရပ်များ ရှိလာပါက အရေးဆိုရှင်းလင်းတင်ပြခွင့် ရှိပြီး တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)