
၂၉.၄.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၄၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၅၁၈)၊ ပတ္တမြားလမ်း၊ စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)ရှိ ပန်းသဇင်မုန့်လုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
တာဝန်ခံဖြစ်သူက ပန်းသဇင်မုန့်လုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ အုန်းသီး ကိတ်မုန့်နှင့် ဘီစကစ်ကိတ်ခြောက်တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်ရက် ထုတ်လုပ်မှုမှာ အုန်းဆီးကိတ်မုန့်တံဆိပ်မှာ တစ်ပါကင်လျှင် (၅၀)ထုပ်ပါ အထုပ်ကြီး(၂၅၀) မှ (၃၀၀)အတွင်းနှင့် ဘီစကစ်ကိတ်ခြောက်တစ်ပါကင် (၅၀)ထုပ်ပါ အထုပ်ကြီး (၂၅၀ မှ ၃၀၀) အတွင်း ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့တွင် မြို့နယ်အနှံ့အပြားတွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၅)၊ မ (၂၀) စုစုပေါင်း (၂၅)ဦးဖြင့် လုပ်ငန်း အဆက်မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသောဝန်ထမ်းများလည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)