Main menu

ကောင်းသန့်မြေပဲဆီစက်ရုံသို့ ကုန်အညွှန်းဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၂၉.၄.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၃၈၃)၊ မြစ်ငယ်လမ်း၊ (၁၇)ရပ်ကွက်၊ စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ရှိ ကောင်းသန့် မြေပဲဆီစက်ရုံသို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် ကောင်းသန့်မြေပဲဆီစက်ရုံမှ ပိုင်ရှင် ဒေါ်ရီရီသန့်နှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးဇော်ဇော်အောင်၊ ဒုတိယဦးစီးမှူးတို့မှ ပူးပေါင်းပါဝင်လျက် ကောင်းသန့်မြေပဲဆီစက်ရုံမှထုတ်လုပ်သော မြေပဲဆီ၊ ရောနှောဆီတို့တွင် စားသုံးသူ ကာကွယ်ရေး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၃) အရ၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချရန် ပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)