
(၁၉-၅-၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊မအူပင်မြို အတွင်း ရောင်းချ သော Mobile Phone၊ကြိုးဖုန်း၊Laptop၊TVရောင်းချသည်ဆိုင်ကြီးများမှ ကုန်စည်များ အား ကုန်ညွန်း အမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲဖြင့်ကွင်းဆင်း ဆောင်ရွက်ခဲ့ ပါသည်။
စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မအူပင်မြို့နယ် အတွင်း လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ၇လမ်းရှိ ဓူဝံလျှပ်စစ်ပစ္စည်း အမျိုးမျိုး အရောင်းဆိုင်၊ လင်းတာရာဖုန်းအမျိုးမျိုးအရောင်းဆိုင်၊ ကာဗာဂါးရမ်း ဖုန်းကာဗာနှင့် လျှပ်စစ်အရောင်းဆိုင်၊ မျိုးမြင့်လျှပ်စစ် ပစ္စည်းအရောင်းဆိုင် (၄)ဆိုင်မှ ရောင်းချသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး Mobile Phone၊ကြိုးဖုန်း၊Laptop များတွင် ကုန်အညွန်း အမှတ်အသား မြန်မာစာဖော်ပြပါဝင်မှု မရှိခြင်း၊ အမှတ်တံဆိပ် တွင် ကုန်အညွှန်းအမှတ်အသား မြန်မာဘာ သာဖြင့် ဖော်ပြထားကြောင်း တွေ့ရှိရပြီး အခြားအမှတ်တံဆိပ်များတွင် အာမခံကဒ်ပြားများ တွင်သာ မြန်မာဘာသာဖြင့် ဖော်ပြထားကြောင်း တွေ့ရှိရသဖြင့် ဆိုင်ရှင်များ အနေဖြင့် ကုမ္ပဏီများမှ နောက်နောင် မှာယူတင်သွင်း ရောင်းချမည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံ စွဦပါဝင်မှု ရှိသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း သတ်ပြုနိုင်ရန် အသိပညာပေး စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)