Main menu

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးလူငယ်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်မှ တာဝန်ရှိသူ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လျာထားချက်များအတိုင်း ပြည်မှီအောင် ဆောင်ရွက်လျက် ရှိပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉.၅.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင် ညောင်တုန်းမြို့၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြု လုပ်သည့် “လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင်  သင်တန်းသူ/သင်တန်းသား(၃၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ဒေါ်ချိုမီဇင်ဒု-ဦးစီးမှူးက မိမိတို့ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း ၊ ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအကြောင်း သင်တန်းသူ/ သားများအား ဦးစွာရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ မိမိတို့ဦးစီးဌာနတွင် စားသုံးသူအခွင့်အရေး အပြည့်အဝရရှိနိုင်ရန် အသိပညာပေး စစ်ဆေးကြပ်မတ်ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဥပဒေကို ယခုသင်တန်းသား/သူများ သိရှိရန် ရှင်းလင်းဟောပြောခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် အသေးစိတ်ရှင်း လင်းပြောကြား ပြီး ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြား ခဲ့ပြီး ပြည်သူများသည် စားသုံးသူများဖြစ် သည့်အတွက် စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့် အရေး(၈)ရပ်ကို မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထိုအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက DOCA တိုင်းနှင့် ပြည်နယ်များရှိ CICC များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/သားများကလည်း သိလိုသည်များ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)