Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့့နယ်တာဝန်ခံမှမြို့ပေါ်ရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၁၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၀၀)အချိန်တွင် မြို့နယ်စည်သာဘာရေးအဖွဲ့နှင့်ပူပေါင်း၍ အိမ်မဲမြို့နယ်အတွင်းရှိ Mobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှမြို့ပေါ်ရှိMobile Phone၊ ကြိုးဖုန်း၊ laptop၊ TVအရောင်းဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားခြင်းရှိ/မရှိ၊ ဝယ်ယူခြင်း၊ရောင်းချခြင်းတို့တွင် အခွန်တံဆိပ်ကောင်းများ ကပ်နှိပ်ခြင်းရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင့်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ  ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့့််စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)