Main menu

ဒိုက်ဦးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများနှင့်အတူ ဇူလိုင်လ ၅ ရက်နေ့ ၊ နေ့လည်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ရောင်းချလျက် ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့  သွားရောက်၍ လုပ်ငန်းရှင် (၁၆)ဦးအား စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံပါဝင်သော အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ဖြစ်သော     OK HTOO (1) ၊ OK HTOO (2) ၊ OK HTOO (3) ၊ ဆီထွန်းလွင် (၁) ၊ ဆီထွန်းလွင် (၂) ၊ တိုက်ညီနောင် ၉၁) ၊ တိုက်ညီနောင်(၂) ၊ ဆန္ဒမွန် ၊ စိန်သဇင် ၊ ဇမ္ဗူကျော် ၊ ကိုနေမျိုး ၊ ရွှေထိုက်စံ၊ ဝင်း၊ Power Robot ၊ T & Z ၊ စိန်‌ရွှေမိုး စက်သုံးဆီဆိုင် စုစုပေါင်း (၁၆) ဆိုင်သို့ သွားရောက်၍  စက်သုံးဆီဈေးနှုန်းနှင့် လက်ကျန် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ မန်နေဂျာများက ရှင်းလင်း တင်ပြခဲ့ပြီး  မြို့နယ်တာဝန်ခံက စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေးတို့အတွက် အရောင်းဆိုင်များ အနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေးအတွက် ဝန်ဆောင်မှုပေးရေးတို့ကို ဆွေးနွေးမှာကြောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)