
၂၂.၄.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် အမှတ်(၄၀၆)၊ စိန်ပန်းလမ်း၊ (၂၆) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ နန်းလင်းစိုး(ရွက်သစ်ဝေ)အွန်လိုင်းဖြင့် ရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်း(၄)ဉီး တို့သည် မှတ်ပုံတင် လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့်မြေပြင် အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေး ရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံ မှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)