Main menu

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ၂၂.၄.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီး စီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့သည် ဖောရွှေဖီအဆင့်တစ်သစ်သီးမျိုးစုံအမည်ဖြင့် အွန်လိုင်းမှတ်ပုံတင်ထားသော အမှတ်(ဌ/A-6,R-9)၊ မုံရွာလမ်း၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ သစ်သီးမျိုးစုံရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

 မြေပြင်စစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင် စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့်အတွက် ယခု လုပ်ငန်းသည် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက် စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)