Main menu

“ ကွမ်းခြံကုန်းမြို့နယ် သဘာဝပဲမုန့်ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူရေးရာ ဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  “သဘာဝ” ပဲမုန့်အရောင်းဆိုင်အား ကွင်းဆင်းဧပြီလ (၂၆)ရက်နေ့၊နေ့လယ်(၁၂:၄၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်အေး၊ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ကွမ်းခြံကုန်း မြို့နယ် အင်္ဂလုံကျေးရွာ အုပ်စု၊ ရန်ကြီးအောင်ကျေးရွာရှိ “သဘာဝ” ပဲမုန့်ဆိုင်သို့ အသင့်စားမုန့် အမျိုးမျိုးတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေး ခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး က မြန်မာ့ရိုးရာမုန့်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် Packing ဖြင့် ထုတ်ပိုးရောင်းချခြင်းများ ကောင်းသောအလေ့အထ ဖြစ်သော်လည်း ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှသာ စားသုံးသူကာကွယ်ရေး ဥပဒေ ပုဒ်မ(၄)နှင့် ကိုက်ညီမည်ဖြစ်ကြောင်း ရှင်းလင်းပြခဲ့ပြီး ပိုင်ရှင် ဦးသီဟ နှင့် ဒေါ်အေစီဝင်းတို့မှလည်း သဘာဝ ပဲမုန့်ကို အခြားမြို့ များသို့ တင်ပို့ရောင်းချခြင်း မရှိဘဲ မိမိဆိုင်တွင် ခရီးသွားသူများ လက်ဆောင်အဖြစ် ဝယ်ယူရာတွင် အဆင်ပြေစေရန် Packing ဖြင့် ထုတ်ပိုးပြီး တစ်နိုင်တစ်ပိုင် ရောင်းချခြင်းဖြစ်သော်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်သည် ဥပဒေနှင့်အညီ စားသုံးသူများသို့ စေတနာထား၍ ရောင်းချခြင်း ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ပြောပြခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးကလည်း အလေးပါကြောင်း တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)