Main menu

“ ခရမ်းမြို့နယ်တွင် သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း ”

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိ၍ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း များနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ H2A သောက်ရေသန့်စက်ရုံသို့ ဧပြီလ(၂၄)ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် H2A သောက်ရေသန့်စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများအား တွေ့ဆုံကာ သောက်ရေသန့်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရမည့်အချက်များ အား ရှင်းလင်း အသိပညာပေးခဲ့ပြီး H2A သောက်ရေသန့်ဗူးများတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအား စစ်ဆေးခြင်း၊ FDA ထောက်ခံချက်များ ရှိ/မရှိစစ်ဆေးခြင်း၊ သောက်ရေသန့်ထုတ်လုပ်ရာတွင် သန့်ရှင်းမှု၊ ထားသိုသိမ်းဆည်းမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ထုတ်ကုန်လုံခြုံမှုရှိစေရန် ဈေးကွက်မရောက်မီ ကုန်စည်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)